Unicode 

What is a computer?

ကွန်ပျူတာဆိုတာဘာလဲ? ကွန်ပျူတာဆိုတာ တကယ်တမ်းတော့ လျှပ်စစ်ပစ္စည်းတစ်ခုပါဘဲ။ ဒါပေမယ့် ကွန်ပျူတာဟာ တခြားအိမ်သုံး သာမာန်လျှပ်စစ်ပစ္စည်းတစ်ခုတော့ မဟုတ်ပါဘူး။ သူဟာ ပြင်ပက Keyboard/mouse တို့လို (Input Device) တွေဖြစ်တဲ့ Keyboard/mouse မှ ရိုက်ထည့်လိုက်တဲ့ အကြောင်းအရာ အချက်အလက်(data) များကို လက်ခံပြီး ဖြေရှင်းအလုပ်လုပ်ပေးနိုင်တယ်။ အဲ့ဒီလို (process) အလုပ်လုပ်ထားတဲ့ အချက်အလက်တွေကို သိမ်းဆည်း(Store) ထားနိုင်ပြီး၊ လိုအပ်တဲ့အချိန်မှာ (output) ရှာဖွေပြန်ထုတ်ကြည့်နိုင်တဲ့ လျှပ်စစ်ပစ္စည်းတစ်ခုဖြစ်ပါ။


Computer မှာ အမျိုးအစားအမျိုးအမျိုးရှိပါတယ်။ ကျွန်တော်တို့ တွေ့နေ၊ မြင်နေ၊ သုံးနေကြသော ကွန်ပျူတာအများစုသည် micro computer အုပ်စုဖြစ်ပါသည်။ တစ်ကြိမ်မှာ တစ်ဦးပဲ သုံးနိုင်တာကြောင့် Personal Computer (PC) လို့လဲ ခေါ်ပါတယ်။ တစ်ကြိမ်မှာ Termial တွေ အများကြီးခွဲသုံးနိုင်တဲ့ Mini Computer, Mainframe Computer တွေအပြင် ရှုပ်ထွေးနက်နဲလွန်းတဲ့ အဆင့်မြင့်သိပ္ပံဆိုင်ရာ နည်းပညာ အချက်အလက် များကို ကိုင်တွယ်လုပ်ဆောင်နိုင်စွမ်းရှိတဲ့ Super Computer တွေ လဲရှိပါသေးသည်။ Computer အမျိုးအစားများကို ယေဘူယျအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • Micro Computer (Personal Computer)
  • Mini Computer (Mid-range Computer
  • Mainframe Computer
  • Super Computer·  


ကျွန်တော်တို့ အများဆုံး အသုံးပြုနေကြတဲ့ Micro Computers အုပ်စုတွင် Desktop, Laptop, Netbook, Hybrid, Tablet, Smart Phone, PDA (Personal Digital Assistant) စသည့်ဖြင့် အမျိုးမျိုးရှိပါသည်။

Computer ကို လူသားများရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းတည်ဆောက်ပုံ၊ စိတ်နေစိတ်ထား၊ လူသားများရဲ့ ပတ်ဝန်းကျင် ပြုမူလှုပ်ရှား ဆောင်ရွက်မှုများအပေါ် အခြေခံထားကာ တီထွင်ဖန်တီးတည်ဆောက်ထားသည်။ လူတွေမှာ အဓိက ရုပ်/နာမ် နှစ်ပါးရှိသလို ကွန်ပျူတာမှာလဲ Hardware နဲ့ Software ဆိုပြီး (၂)မျိုးရှိပါသည်။ ဒါကြောင့် ကွန်ပျူတာရဲ့ Hardware (အမာထည်) ကို လူရဲ့ ရုပ် ဆိုတဲ့ ခန္ဓာကိုယ် နဲ့ Software (အပျော့ထည်)ကို နာမ် ဆိုတဲ့ စိတ် အနေဖြင့် ရှု့မြင်ကြည့်လိုက်ပါ. ဒါက မြင်သာအောင် ဥပမာအနေဖြင့် ပြောပြတာပါ။ အယ်လဲ့ …

ဆိုတော့ ကျွန်ပျူတာမှာ Hardware ဆိုတဲ့ အမာထည် နဲ့ Software ဆိုတဲ့ အပျော့ထည် ကို ယေဘူယျအားဖြင့် ဘယ်လိုခွဲခြားနိုင်မလဲဆိုရင် ကွန်ပျူတာပစ္စည်းတွေကို လက်နဲ့ကိုင်တွယ်ထိတွေ့လိုရတဲ့ အစိတ်အပိုင်း မှန်သမျှကို Hardware လို့ ခေါ်ြပီး ကိုင်တွယ်ထိတွေ့လို့မရတဲ့ Program တွေ ဥပမာ ရုံးသုံးစာစီစာရိုက်၊ စာရင်းဇယားရေးဆွဲတဲ့ Program ဖြစ်တဲ့ Microsoft Word, Excel စတာတွေဟာ Software တွေပါဘဲ။ သူတို့က ကိုင်ကြည့်လို့မရပေမယ့် အသုံးချလို့ရတယ်။ သူတို့ကို အသုံးပြုပြီး မိမိရဲ့ လုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့ program တွေမှန်သမျှကို Software လို့ခေါ်ပါတယ်။ အဲဒီတော့ ကွန်ပျူတာလို့ ပြောလိုက်ရင် Hardware ကော၊ Software ကော ရှိနေပါမှ ပြည့်စုံပါလိမ့်မယ်။




Zawgyi 

What is a computer?

ကြန္ပ်ဴတာဆိုတာဘာလဲ? ကြန္ပ်ဴတာဆိုတာ တကယ္တမ္းေတာ့ လွ်ပ္စစ္ပစၥည္းတစ္ခုပါဘဲ။ ဒါေပမယ့္ ကြန္ပ်ဴတာဟာ တျခားအိမ္သုံး သာမာန္လွ်ပ္စစ္ပစၥည္းတစ္ခုေတာ့ မဟုတ္ပါဘူး။ သူဟာ ျပင္ပက Keyboard/mouse တို႔လို (Input Device) ေတြျဖစ္တဲ့ Keyboard/mouse မွ ႐ိုက္ထည့္လိုက္တဲ့ အေၾကာင္းအရာ အခ်က္အလက္(data) မ်ားကို လက္ခံၿပီး ေျဖရွင္းအလုပ္လုပ္ေပးႏိုင္တယ္။ အဲ့ဒီလို (process) အလုပ္လုပ္ထားတဲ့ အခ်က္အလက္ေတြကို သိမ္းဆည္း(Store) ထားႏိုင္ၿပီး၊ လိုအပ္တဲ့အခ်ိန္မွာ (output) ရွာေဖြျပန္ထုတ္ၾကည့္ႏိုင္တဲ့ လွ်ပ္စစ္ပစၥည္းတစ္ခုျဖစ္ပါ။



Computer မွာ အမ်ိဳးအစားအမ်ိဳးအမ်ိဳးရွိပါတယ္။ ကြၽန္ေတာ္တို႔ ေတြ႕ေန၊ ျမင္ေန၊ သုံးေနၾကေသာ ကြန္ပ်ဴတာအမ်ားစုသည္ micro computer အုပ္စုျဖစ္ပါသည္။ တစ္ႀကိမ္မွာ တစ္ဦးပဲ သုံးႏိုင္တာေၾကာင့္ Personal Computer (PC) လို႔လဲ ေခၚပါတယ္။ တစ္ႀကိမ္မွာ Termial ေတြ အမ်ားႀကီးခြဲသုံးႏိုင္တဲ့ Mini Computer, Mainframe Computer ေတြအျပင္ ရႈပ္ေထြးနက္နဲလြန္းတဲ့ အဆင့္ျမင့္သိပၸံဆိုင္ရာ နည္းပညာ အခ်က္အလက္ မ်ားကို ကိုင္တြယ္လုပ္ေဆာင္ႏိုင္စြမ္းရွိတဲ့ Super Computer ေတြ လဲရွိပါေသးသည္။ Computer အမ်ိဳးအစားမ်ားကို ေယဘူယ်အားျဖင့္ ေအာက္ပါအတိုင္း ခြဲျခားႏိုင္သည္။

  • Micro Computer (Personal Computer)
  • Mini Computer (Mid-range Computer
  • Mainframe Computer
  • Super Computer



ကြၽန္ေတာ္တို႔ အမ်ားဆုံး အသုံးျပဳေနၾကတဲ့ Micro Computers အုပ္စုတြင္ Desktop, Laptop, Netbook, Hybrid, Tablet, Smart Phone, PDA (Personal Digital Assistant) စသည့္ျဖင့္ အမ်ိဳးမ်ိဳးရွိပါသည္။


Computer ကို လူသားမ်ားရဲ႕ ကိုယ္ခႏၶာဖြဲ႕စည္းတည္ေဆာက္ပုံ၊ စိတ္ေနစိတ္ထား၊ လူသားမ်ားရဲ႕ ပတ္ဝန္းက်င္ ျပဳမူလႈပ္ရွား ေဆာင္႐ြက္မႈမ်ားအေပၚ အေျခခံထားကာ တီထြင္ဖန္တီးတည္ေဆာက္ထားသည္။ လူေတြမွာ အဓိက ႐ုပ္/နာမ္ ႏွစ္ပါးရွိသလို ကြန္ပ်ဴတာမွာလဲ Hardware နဲ႔ Software ဆိုၿပီး (၂)မ်ိဳးရွိပါသည္။ ဒါေၾကာင့္ ကြန္ပ်ဴတာရဲ႕ Hardware (အမာထည္) ကို လူရဲ႕ ႐ုပ္ ဆိုတဲ့ ခႏၶာကိုယ္ နဲ႔ Software (အေပ်ာ့ထည္)ကို နာမ္ ဆိုတဲ့ စိတ္ အေနျဖင့္ ရႈ႕ျမင္ၾကည့္လိုက္ပါ. ဒါက ျမင္သာေအာင္ ဥပမာအေနျဖင့္ ေျပာျပတာပါ။ အယ္လဲ့ …

ဆိုေတာ့ ကြၽန္ပ်ဴတာမွာ Hardware ဆိုတဲ့ အမာထည္ နဲ႔ Software ဆိုတဲ့ အေပ်ာ့ထည္ ကို ေယဘူယ်အားျဖင့္ ဘယ္လိုခြဲျခားႏိုင္မလဲဆိုရင္ ကြန္ပ်ဴတာပစၥည္းေတြကို လက္နဲ႔ကိုင္တြယ္ထိေတြ႕လိုရတဲ့ အစိတ္အပိုင္း မွန္သမွ်ကို Hardware လို႔ ေခၚၿပီး ကိုင္တြယ္ထိေတြ႕လို႔မရတဲ့ Program ေတြ ဥပမာ ႐ုံးသုံးစာစီစာ႐ိုက္၊ စာရင္းဇယားေရးဆြဲတဲ့ Program ျဖစ္တဲ့ Microsoft Word, Excel စတာေတြဟာ Software ေတြပါဘဲ။ သူတို႔က ကိုင္ၾကည့္လို႔မရေပမယ့္ အသုံးခ်လို႔ရတယ္။ သူတို႔ကို အသုံးျပဳၿပီး မိမိရဲ႕ လုပ္ငန္းေဆာင္တာေတြကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ေပးႏိုင္တဲ့ program ေတြမွန္သမွ်ကို Software လို႔ေခၚပါတယ္။ အဲဒီေတာ့ ကြန္ပ်ဴတာလို႔ ေျပာလိုက္ရင္ Hardware ေကာ၊ Software ေကာ ရွိေနပါမွ ျပည့္စုံပါလိမ့္မယ္။

Previous Post Next Post